Friday, 11 May 2012

photoshop လေ့လာ၇န်...

Photoshop နဲ့  ပတ်သက်တဲ့ စာအုပ်တွေပါ..........

ခုတင်ပေးလိုက်တာတွေ အားလုံး လေ့လာနိုင်ရင် Photoshop ကို တတ်ကျွမ်းပြီလို့  ဆိုနိုင်ပါတယ်.....

နည်းပညာတွေက လေ့လာမယ်ဆိုရင် မကုန်နိုင်အောင်ပဲ များပြားလှပါတယ်ရှင်.........

ကိုယ် လက်လှမ်းမှီသလောက် လေ့လာအောင် ရည်ရွယ်ပြီးတင်ပေးတာပါ........

မသိသေးတဲ့သူတွေ အတွက်ပေါ့

စိမ်း ၃.ပိုင်း ခွဲပေးထားတာက ၁.ပိုင်းကိုလေ့လာရင် တစ်စုလုံးလေ့လာရမှာမို့ လို့ ပါ... သူ့ အစုနဲ့  သူပေါ့........



Photoshop Animation ပြုလုပ်နည်းပါ















 ဒီအဆင့်ရောက်ရင်တော့ ..သင် အနည်းဆုံး facebook မှာ ကဲလို့ ရပြီဆိုတာတော့ သေချာတယ် ...

Photoshops%20Lesson%20%28Intermediate%20Volume-2%29.pdf

Photoshops%20Lesson%20%28Intermediate%20Volume-3%29.pdf

Photoshops%20Lesson%20%28Intermediate%20Volume-4%29.pdf

Photoshops%20Lesson%20%28Intermediate%20Volume-5.A%29.pdf
TEXT EFFECT အကြောင်းလေးတွေသင်ထားတာ .. ရွှေရောင်စာလုံးလေးတွေလုပ်တာတို့ပေါ့ ... - ၁
Photoshops%20Lesson%20%28Intermediate%20Volume-5.B%29.pdf

TEXT EFFECT အကြောင်းလေးတွေသင်ထားတာ .. ရွှေရောင်စာလုံးလေးတွေလုပ်တာတို့ပေါ့ .- ၂.


Photoshops%20Lesson%20%28Intermediate%20Volume-6%29.pdf
Fire , Water , Smoke , Electic .... စတဲ့ EFFECT တွေလုပ်နည်းသင်ထားတာပါ ...


မိုးရွာတာတွေ .. နှင်းကျတာတွေ ဖန်တီးနည်းတွေ .. ဆံပင်အရောင်ပြောင်းတာတွေ ပါပါတယ် ..


Photoshops%20Lesson%20%28Intermediate%20Volume-8%29.pdf
MIRROR , UNDERWATER , CUTE EFFECTS တွေ အတွက်ပေါ့ ...





သူငယ်ချင်းများ အားလုံး အတတ်ပညာ၊ အသိပညာ ဗဟုတုတများ နှင့် ပြည့်စုံ ကြွယ်ဝ နိုင်ကြပါစေ........

Thursday, 3 May 2012

မေလ၅၇က်နေ့မှာတွေ့၇မဲ့supermoon

၂၀၁၂ တနှစ်တာအတွက် ထူးခြားတဲ့ Supermoon ဖြစ်စဉ်ကို လာမယ့် မေလ ၅ ရက်၊ ကဆုန်လပြည့်နေ့မှာ တွေ့ကြုံရမယ်လို့ အာကာသ၊ ကြယ်တာရာနဲ့ နက္ခတ် လေ့လာသူတွေက ဆိုပါတယ်။



မတ်လ ၁၉ရက်၊ ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ကနေ မြင်ခဲ့ရတဲ့ Supermoon



ဒီလို Super Moon ဖြစ်စဉ်ကြောင့် လပြည့်နေ့မှာ လထွက်ချိန်မှာ လ ကို သာမာန်ထက် ၁၆ ဆ ပိုကြီး၊ ပိုထိန်လင်းတဲ့ အနေအထားနဲ့ တွေ့ရပါမယ်တဲ့။ ၂၀၁၂ တနှစ်လုံးမှာ ဒီတနေ့မှာပဲ လကို အနီးကပ်ဆုံး မြင်ရမှာပါတဲ့။

လဟာ ကမ္ဘာပတ်လမ်းကြောင်းနဲ့ တနှစ်တာအတွင်း အနီးဆုံးကို ရောက်လာတာဖြစ်လို့ Supermoon လို့ နာမည်ပေးထားတာပါ။

Supermoon ဖြစ်စဉ်ကြောင့် ကြယ်တာရာ စောင့်ကြည့်လေ့လာသူတွေအတွက် လကို အရင်ကထက် ပိုမိုနီးနီးကပ်ကပ် လေ့လာခွင့်ရမယ်၊ တယ်လီစကုတ်နဲ့ ကြည့်ရင် လပေါ်က ချိုင့်ဝှမ်း၊ ချိုင့်ခွက်နဲ့ တောင်တွေကိုတောင် မြင်နိုင်မယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ဒီဖြစ်စဉ်ကြောင့် ပင်လယ်ရေ မြင့်တက်တာတွေ၊ ထူးခြားဒီရေတက်တာ၊ ဆူနာမီလို လှိုင်းတွေတက်တာ၊ ငလျင်လှုပ်တာတွေလည်း ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒီ Supermoon ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လတုန်းကလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Tuesday, 1 May 2012

အွန်လိုင်း English Speaking သင်ကြားလိုသူများအတွက်

ဒီ site ကလေးမှာ member ၀င်ပြီး အွန်လိုင်းမှာ English Speaking သင်ယူလိုသူများအတွက်
ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်
http://thebestenglish4you.com/

total video converter


အောက်ပါဆော့ဝဲလေးကတော့ video fileကနေ mp3 mp4 flash song ပညာရှင်တွေအတွက် mp3 sizeပါ ခြုံ့လို့ရတဲ့ total video converter ပါ ရေးသားထားတဲ့သူကတော့ ချစ်သူမြို့တော် creater ကိုငြိမ်းပါ...

ဆော့ဝဲကိုအောက်မှာနှိပ်ပြီးဒေါင်းပါ

သူ့ရဲ့registerကုတ်ကိုဒီကိုနှိပ်ပြီးယူပါ..


မှတ်ချက်။ ။ ကုတ်ယူရာတွင်အောက်စာကြောင်းမှကဏာန်းများသာယူရန်လိုအပ်ပါသည်
ဆော့ဝံကို register code ထည့်ပြီး registerလုပ်ပြီးပါကစတင်အသုံးပြုလို့ရပါပြီ ဆော့ဝဲအသုံးပြုပုံကို mp3ပြောင်းလဲပုံမှစ၍ ပုံနှင့်တကွရှင်းပြပါ့မယ်
အဆင့်(၁) mp3ပြုလုပ်ရန် ဆော့ဝဲကို rumလိုက်ပါ new testကို နှိပ်ပြီးimport files ကလစ်ပြီး ကွန်ပြူတာထဲမှ folderတခုခုမှဖြစ်စေ vcd မှဖြစ်စေ မမိုရီစတစ်မှဖြစ်စေ video filesကိုရွေးလိုက်ပါ openနှိပ်ပ


အဆင့်(၂) ပေါ်လာသော အကွက်မှ mp3 audio ပေါ်သို့မျှားသွား၍ mp3 audioကိုရွေးပေးပါ

အဆင့်(၃) setting ၀င်၍ Audio Option xဲတွင် အောက်ပါပုံတွင်ပြထားသည့်အတိုင်း ကုတ်များကိုချိန်ပါ ထိုကုတ်ကို အမြဲအသုံးပြုလိုပါက save & apply လုပ်ထားပါ ပြီးနောက် convertကိုနှိပ်ပါ mp3 စက်များ mobile phone များတွင် ထည့်သွင်းနားထောင်နိုင်သောmp3ရရှိမည်ဖြစ်ပါတယ်

အောက်ပါပုံကတော့ flsah song ပညာရှင်များ mp3 ခြုံ့ရန်အသုံးပြုဖို့ကုတ်ပါ ပုံကိုကြည့်၍ကုတ်ချိန်ပါ

video file size အကြီးမှ mobile phone တွင် ထည့်သွင်းကြည့်ရှုနိုင်သော mp4ပြုလုပ်နည်း
mp3 ပြုလုပ်စဉ်ကနည်းအတိုင်းပင် video file ကို ရွေးပြီးထည့်ပါ အောက်ပါပုံတင်ပြထားသည့်အတိုင်း mpeg4Videoကိုရွေးချယ်ပါ


setting ၀င်၍ audio option ကို အောက်ပါပုံတွင်ပြထားသည့်အတိုင်း ကုတ်ချိန်ပါ

အောက်ပါပုံတွင်ပြထားသည့်အတိုင်း video option ကို ကုတ်ချိန်ပါ

အောက်ပါပုံတွင်ပြထားသည့်အတိုင်း Video resize ကို ကုတ်ချိန်ပါ ထို့နောက် save and apply လုပ်ထားပါ ပြီးလျှင် convert နှိပ်၍mp4ပြောင်းနိုင်ပါပြီ

photoshop သုံးပြုနည်း...

ကျွန်တော် ဒီကဏ္ဍလေးမှာ Photoshop နဲ့ပါတ်သတ်ပြီး သိသလောက်ပြန်လည်ဝေမျှလိုက်ပါတယ်…
ယနေ့စာစောင်တွေ နံရံကပ်ပိုစတောတွေ ထုတ်ဝေတဲ့ နေရာမှာ ခောတ်အစားဆုံး ကွန်ပျူတာဂရပ်ဖစ် Software ကတော့ Adobe photoshop ပါပဲ…
ဓါတ်ပုံအားလုံးကို Photoshop နဲ့ တစ်မူထူးခြားအောင်ပြုပြင်ပြောင်းလဲဖန်တီးလို့ ရပါတယ်…Photoshop ဟာလေ့လာလို့ရန် လုံးဝမခက်ခဲပါဘူး…စိတ်ဝင်တစားလုပ်ရင်အဆင်ပြေပါတယ်…
အဲ ပိုပြီးအဆင်ပြေချင်တယ်ဆိုရင် စိတ်ဝင်စားမှု နဲ့ စိတ်ကူးစိတ်သန်းကောင်း ဖို့ပါပဲ…. စာဆိုလေးတောင်ရှိပါတယ် ..တစ်နေ့တစ်လံ ပုဂံမရွေ့ ရွေ့သွားတယ်ဆိုလည်း အခုခောတ်ပေါ် Speed ကောင်းတာနဲ့လိုက်လို့ရပါတယ်..
အဲဒါဆို အခုကျွန်တော်တို့စပြီး ပေါက်ကရဆွေးနွေးကြရအောင် .. လိုအပ်ချက်ရှိရင်လဲ ဝေဖန်မှုပေးစေချင်ပါတယ်…..



photoshop basic … အခြေခံကိုစပြောပါမယ်…ပထမဆုံး Toolbox အကြောင်းပြောပြပါမယ်… Toolbox မှာ အသုံးပြုတဲ့ function တွေပါဝင်ပါတယ်…
(၁) Marquee Tool ပုံအစိတ်အပိုင်းရွေးချယ်။
(၂) Move Tool ရွေးချယ်ထားတဲ့အပိုင်းကို ရွှေ့။
(၃) Lasso Tool ပုံအစိတ်အပိုင်းအလိုက် ပုံစံအလိုက်ရွေးချယ်။
(၄) Magic Wand Tool အရောင်တန်ဖိုးတူညီတဲ့နေရာကို ရွေးချယ်။
(၅) Crop Tool အလိုရှိသောအစိတ်အပိုင်းကိုသာဖြတ်တောက်။
(၆) Healing Brush Tool လိုအပ်နေသောနေရာ ပျက်ဆီးနေသောနေရာကို ဖြည့်ရန်။
(၇) Clone Stamp Tool Image Flie တစ်ခုထဲတွင်ဖြစ်စေ အခြားဖိုင်တွင်ဖြစ်စေ နမူနာယူထားသည့်ပုံအတိုင်း ပုံတူပွား။
(၈) Patch Tool ရွေးချယ်ထားသော နေရာအားအခြားအစိတ်အပိုင်း(သို့) ps တွင်ပေးထားသော pattern ပုံအစားထိုး။
(၉) Magic Eraser Tool အရောင်တန်ဖိုးတူညီစွာရှိသောနေရာတွင် ကလစ်တစ်ချက်ပေးရုံဖြင့် မူရင်းအရောင်ပျက်ပြီး အရောင်မဲ့ဖြစ်သွားစေ။
(၁၀) Background Eraser Tool Mouse နဲ့Drag ဆွဲယုံဖြင့်မူရင်းအရောင်ပျက်ပြီး အရောင်မဲ့ဖြစ်စေ။
(၁၁) Gradient Tool အရောင်အနုအရင့်များ ရောစပ်သည့် အရောင်ပြေးပုံစံရေးခြယ်။
(၁၂) Blur Tool ပြတ်သားထင်ရှားသောနေရာကို မှုန်ဝါး။
(၁၃) Sharpen Tool မှုန်ဝါးသောနေရာကို ထင်ရှား။
(၁၄) Smudge Tool မူရင်းပုံပျက်ပြီး Mouse ဆွဲသည့်နေရာများသို့ဆေးပြန့်။
(၁၅) Dodge Tool အရောင် ဖျော့။
(၁၆) Burn Tool အရောင် ရင့်။
(၁၇) Sponge Tool အရောင်စိုပြေ။
(၁၈) Eyedropper Tool အလိုရှိသည့် အရောင်နမူနာယူ။