Tuesday, 3 July 2012

1။မိမိပုံကို Puzzle Board Style ပြင်မယ် ...


အခုသင်ခန်းစာကို လုပ်မယ့်သူတွေက ပုံရွေးရမှာ အရောင်စိုစိုနဲ့ပုံကို လုပ်ရင်ပိုကောင်းပါတယ် .. မဟုတ်ရင်တော့ သိပ်လှမှာမဟုတ်ပါဘူးခင်ဗျ ... ကျွန်တော်ကတော့ ဘာသာပြန်ပေးမယ် .. လိုက်လည်းလုပ်ကြည့်ခဲ့ပါတယ် .. ကဲစရအောင် ပထမဆုံး .. ပုံကို ဖွင့်လိုက်ပြီး CTRL+ J နဲ့ပုံကို နှစ်ခုရအောင် ပွားလိုက်ပါခင်ဗျာ ..

ပြီးရင် ကူးလို့ရလာတဲ့ နေရာပေါ်မှာ right click ထောက်ပြီး နာမည်ပေးလိုက်ပါ ..

ပြီးသွားရင် အဲ့ဒီ layer နှစ်ခုကြားထဲမှာ layer အသစ်အလွတ်တစ်ခု လုပ်ပါမယ် ..

ပြီးရင် အဲ့ဒီ layer ကို fore ground color အနက်ရောင်ပေးပြီး CTRL+Backspace နဲ့အနက်ရောင်ချယ်လိုက်ပါ ..

ပြီးရင် photoshop file တစ်ဖိုင်လောက် ဒေါင်းရပါမယ် .. ဒါလေးကို download ( access denied ဖြစ်ခဲ့ရင် ဒီမှာ ဒေါင်းနိုင်) လုပ်ပြီး desktop ပေါ်တင်လိုက်ပါနော် ...

ပြီးတော့ Photoshop ထဲပြန်ဝင်ပြီးတော့ .. Puzzle layer ကို ကလစ်ထောက်လိုက်ပါမယ် ..သူ့ကို စတိုင်ပြင်မှာပါ ..
ပြီးရင် Filter ထဲက Texture ထဲက Texturizer ကိုသွားပါ ..


ခုနက ဒေါင်းခဲ့တဲ့ ဖိုင်လေးကိုပြလိုက်ပါ ... ဒါဆိုရင်ခုလိုရလာပါပြီ ..

ပြီးရင် Pen Tool ကိုယူပြီး Option မှာ Path ကိုရွေးလိုက်ပါနော် ... ( အပေါ်က ပုံရှိတဲ့ layer မှာပဲနော် ... အသစ်မခေါ်မိစေနဲ့ )
ပြီးရင် အဲ့ဒီအကွက်လေးတွေပေါ်မှာ Pen Tool နဲ့ဆွဲပါမယ် .. Pen Tool အသုံးပြုပုံကို Lighting Effect First Step မှာ သင်ခဲ့တယ်နော် .... အခုလိုမျိုး Pen Tool နဲ့ဆွဲပြီးသကာလမှာ .. Ctrl+Enter နဲ့ selection လုပ်လိုက်ပါ ..

အဲ့လို selection ဖြစ်နေတုန်းမှာ Layer Menu ထဲကိုသွားပြီး အောက်ပါအတိုင်းလုပ်ဆောင်ပါ ...

ဒါဆိုရင် ခုလိုမျိုး layer နောက်တစ်ခု ရလာပါမယ် ..
အဲ့ဒီ layer လေးကို ခုလိုမျိုး ကလစ်ထောက် select ပေးပြီးသကာလ CTRL+T ( free transform ) နဲ့ နည်းနည်းလောက် လှည့်လိုက်ပါ


ပြီးသွားရင် သူ့ကို blending option ထဲမှာ ခုလိုပြင်ပါမယ် .. layer ပေါ်မှာ Double Click ခေါက်ပြီးပဲဝင်ဝင် ၊ right click / Blending option နဲ့ပဲဝင်ဝင်ရတယ်နော် ... ( ကူးလို့ရလာတဲ့ နောက်ဆုံး layer သေးလေးပေါ်မှာနော် )
ဒါဆိုရင် ခုလိုလေးရလာပါပြီဗျ ...

နောက်ထပ်တစ်ပေါက်ထပ်ဖောက်ပါမယ် .. ခုနကလိုပဲ Pen Tool နဲ့ select ပေးပါ
( layer က puzzle layer ပေါ်မှာနော် .. )

Ctrl+Enter နဲ့ selection လုပ်ပါ

ပြီးသွားရင် del key နှိပ်ပြီး ဖျက်ပစ်လိုက် .. ( del key ဆိုတာ ကီးဘုတ်ပေါ်က delete key နော် .. )


ပြီးရင် အောက်ကပုံတွေလိုထိ အပေါက်တွေ အများကြီး ဖောက်သွားပါမယ် .. အားလုံးကို puzzle layer ပေါ်မှာပဲ လုပ်မှာပါ ..


နောက်ဆုံးအနေနဲ့ Pen Tool နဲ့ အောက်ပါအတိုင်း selection အကြီးကြီးပေးပါမယ် .. ( အ၀ါရောင်က ခင်ဗျားတို့မြင်သာအောင်ပြထားတာပါ .. ပေါ်မှာမဟုတ်ဘူး ခင်ဗျားတို့ဆီမှာ .. ^_^ )
ခုရလာတဲ့ selection ကို ပြောင်းပြန်လုပ်ဖို့ Select Menu ထဲက Inverse ကိုသွားလိုက်ပါ .. ပြီးတော့ delete ကိုနှိပ်လိုက် ...


ပြီးရင် ခုနက အနက်ရောင် ပြောင်းထားတဲ့ layer ကို အဖြူရောင်ချယ်လိုက်ပါ ... တွေ့လားအောက်မှာ ..


ပြီးရင် puzzle layer ကို blending option ထဲဝင်ပြီး drop shadow အောက်ပါအတိုင်းထည့်မယ် ..

ဒါဆိုနောက်ဆုံးမှာ finally ဒီလိုလေးရလာပါမယ် သူငယ်ချင်းများ ...


No comments:

Post a Comment