Saturday, 27 October 2012

PHOTOSHOT BRUSH တခုကို font တခုကနေ လုပ်ကြ၇အောင်...

ကဲ ဒီတစ်ခါတော့ ကျွန်တော် ရိုးရိုးဓါတ်ပုံတစ်ပုံကို brush တစ်ခု ဖြစ်အောင် ဘယ်လိုဖန်တီးယူမလဲ ဆိုတာကို ပြောပြပါ့မယ် . photoshop အသုံးပြုတဲ့လူတွေ ကတော့ brush အသုံးပြုနည်းကို သိလောက်ပြီလို့ ထင်ပါတယ် . နှစ်မျိုး ပြောပြပါ့မယ် . ဒါပေမယ့် သဘောတရား ချင်းက အတူတူပါပဲ .

(၁) font ကို ဘယ်လို brush ဖြစ်အောင်လုပ်မလဲ
(၂) ဓါတ်ပုံကို ဘယ်လို brush ဖြစ်အောင်လုပ်မလဲ

ကဲနံပါတ်(၁) Font ကို photoshop brush ဖြစ်အောင် လုပ်နည်းကို စကြည့်ရအောင်
  • photoshop ကို ဖွင့်ပါ .
  • မိမိလုပ်ချင်တဲ့ font ပုံစံကို လိုက်ရှာပါ .(ပုံ-၁) (ကျွန်တော်ကတော့ မြန်မာပြည်မြေပုံကို ရွေးလိုက်ပါတယ်)
  • ရပြီဆိုတာနဲ့ ပုံ (၂) မှာ ပြထားသလို photoshop ပေါ်ကို မှာ ခေါ်တင်လိုက်ပါ . ပြီးတော့ font colour ကို အမဲရောင်ကိုပဲ ရွေးလိုက်ပါ . နက်လေ ပိုကောင်းလေပါပဲ .
  • (ပုံ-၃) မှာလိုမျိုး create new layer ကိုနှိပ်ပြီး layer အသစ်တစ်ခု ဖန်တီးယူလိုက်ပါ .
  • (ပုံ-၄) လို layar 2 ကို shif ခံပြီး layer နှစ်ခုစလုံးကို select ပေးလိုက်ပြီး (ctrl + e) ကို နှိပ်လိုက်ပါ .
  • (ပုံ-၅) မှာလို layer နှစ်ခုပေါင်းသွားပါလိမ့်မယ်
  • ဒီအထိရပြီနော် . ဒါဆိုရင် ပုံ(-၆) မှာလို Edit >> Define Brush present ကို နှိပ်လိုက်ပါ .
  • ဒါဆိုရင် (ပုံ-၇) မှာလိုမျိုး Brush name တောင်းတဲ့ box ပေါ်လာပါလိမ့်မယ် . ကျွန်တော်ကတော့ အခု brush name ကို nyinaymin လို့ပေးလိုက်ပါ . စာဖတ်သူများလဲ အဆင်ပြေတဲ့ နာမည်ပေးလိုက်ပါ .
  • ပြီးရင် ok ကိုပေးလိုက်ပါ .
  • (ပုံ-၈) မှာလို brush tool ကို ရွေးလိုက်ပါ .
  • (ပုံ-၉) မှာလို right click ထောက်ပြီးတော့ brush tools တွေကို လိုက်ကြည့်လိုက်ပါ . ဟိုးနောက်ဆုံးမှာ nyinaymin ဆိုတဲ့ brush လေးတစ်ခု တိုးနေတာကို တွေ့ရမှာပါ
  • ဒါဆိုရင် ပုံ(၁၀) မှာလို ကိုလိုချင်တဲ့ အရွယ်အစားအတိုင်း brush တွေကို လိုသလောက် ဆွဲလို့ရပြီပေါ့ .



No comments:

Post a Comment